မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Tuesday, July 4, 2017

Bluboo Maya max ကို Root လုပ်ခြင်း



ဒီနေ့တော့ ဈေးအသင့်အတင့်နှင့် သုံးလို့အတော်လေး အဆင်ပြေတဲ့ဖုန်းတစ်လုံးဖြစ်တဲ့ Bluboo ဖုန်းအမျိုးအစားထဲက Bluboo maya max ကို Root လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ Root မလုပ်ခင်မှာ ဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ Data တွေကို အရင်းဆုံး backup လုပ်ထားစေချင်ပါတယ်။ Root လုပ်ဖို့လိုအပ်တဲ့ ဖိုင်တွေကို အောက်မှာပေးထားပါတယ် အရင်ဆုံးဒေါင်းယူလိုက်ပါ.

  1. Vcom Driver
  2. SP Flash Tool
  3. TWRP For Maya Max
  4. SuperUser
လိုအပ်တွေ ယူပြီးပြီဆိုရင် စလိုက်ကြအောင်ဗျာ။ တစ်ဆင့်ခြင်းရေးပေးသွားပါ့မယ်။
အရင်ဦးဆုံး Vcom Driver ကို ကွန်ပျုတာမှာ install လုပ်ပါ မရှိသေးတဲ့သူတွေပေါ့နော် ရှိပြီးသားသူတွေကတော့ လုပ်စရာမလိုပါဘူး။
SuperUser ဖိုင်ကို ဖုန်းထဲသို့ ကူးထည့်ထားပါ။ SP Flash Tool ဖိုင်ကိုဖွင့်ပြီးတော့ Flash Tool ကို Right Click ခေါက်ပြီးတော့မှာ Run as Administrator ဖြင့်ဖွင့်လိုက်ပါ။ Flash Tool ပွင့်လာပြီဆိုရင် Option ကိုဝင်ပါ အထဲမှ Download ကိုထပ်ဝင်ပါ၊ Download Option ထဲမှ USB Checksum ကို အမှန်ခြစ်ထားပေးပါ။

ပြီးသွားရင်တော့ Scatter-loading ကိုနှိပ်ပြီးတော့ ဒေါင်းလုတ်လုပ်ထားတဲ့ Twrp ဖိုင်မှာ Scatter ကိုရွေးပေးလိုက်ပါ။ သတိထားရမှာကတော့ Scatter Loading လုပ်ပြီးသွားရင် Recovery တစ်ခုကိုသာ အမှန်ခြစ်ထားရမှာပါ. အကယ်၍ အခြား ဟာတွေကို အမှန်ခြစ်ထားမိပါက ဖြုတ်ထားဖို့ မမေ့ပါနဲ့ ကျွန်တော်တို့က TWRP Recovery တစ်မျိုးကိုပဲ သွင်းယူမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဖုန်းထဲမှာ Developer Option ကိုဝင်ပြီးတော့ OEM Unlock ကို On ပါ၊ USB Debugging ကို On ထားပါ. ပြီးသွားပြီဆိုရင် ဖုန်းကိုပိတ်ပါ Flash Tool မှ Download ခလုတ်ကို နှိပ်ပါ ပြီးမှ ဖုန်းကိုချိတ်လိုက်ပါ Flash Tool မှ ဆက်ပြီး အလုပ်လုပ်ပါလိမ့်မယ်။


TWRP သွင်းတာ အဆင်ပြေတယ်ဆိုရင် အစိမ်းရောင် အမှန်ခြစ်ကလေး Popup တက်လာပါလိမ့်မယ်။ဒါဆိုရင် Recovery သွင်းတာ အောင်မြင်သွားပါပြီ၊ ဖုန်းကိုတော့ Power မဖွင့်ပဲနှင့် Rcovery ကို Power + Volume up ကိုနှိပ်ပြီးတော့ Recovery သို့တန်းဝင်ပါ။ ( အကယ်၍ Power တန်းဖွင့်ပြီးမှ Recovery ပြန်ဝင်မယ်ဆိုရင် မရပါဘူး။) Twrp Recovery ကိုရောက်ပြီဆိုရင် စောစောဖုန်းထဲမှာ ထည့်ခဲ့တဲ့ Superuser ကို install လုပ်ပေးလိုက်ပါ။ ပြီးရင် Reboot ပေါ့နော်။ ဖုန်းပြန်ပွင့်လာပြီဆိုတာနဲ့ SuperUser လေး သင့်ဖုန်းထဲကို ရောက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာစာအတွက်ကတော့ ကြိုက်နှစ်သက်ရာ apk ကို အသုံးပြုပြီးတော့ သွင်းယူနိုင်ပါပြီ။ အားလုံး အဆင်ပြေကြပါစေဗျာ။  


Saturday, May 27, 2017

Samsung Galaxy Note 5 (SM-N9208) Android 7.0 Nougat ကို Root လုပ်နည်း







မင်္ဂလာပါ မတွေ့တာကြာပြီဆိုတော့ တစ်ခါတလေ သရဲလာခြောက်တာပါ။ Galaxy Note 5 SM-N2908 ကို Android 7.0 တင်မိလိုက်လို့ အဆင်မပြေ ဖြစ်နေသူတွေအတွက် အဆင်ပြေတဲ့ လုပ်နည်းလေးကို လာရေးပေးတာပါ။ လိုအပ်တဲ့ ဖိုင်လေးတွေကို အောက်မှာ ပေးထားပါတယ် ဒေါင်းယူလိုက်ပါ ခင်ဗျာ။ ဒေါင်းလုတ် လုပ်ပြီးသား Zip ဖိုင်ကိုဖြည်လိုက်ပါ ပြီးရင် N920_Nougat_Root_SuperSU ဖိုင်ကို ဖုန်းထဲထည့်ပြီးတော့ ထားပါ။ လုပ်နည်းကလည်း အရင်လုပ်ဖူးတဲ့သူတွေ ဆိုရင် သိမှာပါ.. Twrp Recovery ကို Odin ကနေပြီးတော့ Flash အရင်လုပ်ပေးရမှာပါ။ Odin မှာ Pass ဖြစ်ပြီဆိုရင် ဖုန်းကို ပိတ်ပြီးတော့ Recovery ကိုဝင်ပါ  TWRP Recovery ကိုရောက်ပြီဆိုရင် Install ကိုနှိပ် ပြီးတော့ စောစောကထည့်ခဲ့တဲ့ SuperSU ဖိုင်ကို ရွေးပြီး install လုပ်လိုက်ပါ. ပြီးရင် Reboot လုပ်ပါ ပြန်တက်လာပြီဆိုရင် သင့်ရဲ့ ဖုန်းဟာ Root လုပ်ပြီးသား ဖြစ်သွားပါပြီ။ မြန်မာစာအတွက်ကတော့ Recovery ကနေပဲ PureSolution 1.0 ကို install လုပ်ပေးလိုက်ပါ အဆင်ပြေပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ....

မှတ်ချက်၊၊ TWRP ကို Flash မလုပ်မီမှာ ဖုန်းကို Reset ချပြီးမှလုပ်ရင် ပိုအဆင်ပြေပါလိမ့်မယ်.. မဟုတ်ရင် လိုဂိုမှာပဲ ရပ်နေလိမ့်မယ်။ မြန်မာစာအတွက်ကို PureSolution 1.0 ကိုပဲ install လုပ်ပါ.ကျန်တာတွေနဲ့ အဆင်မပြေပါဘူး.။ Firmware ပြန်တင်ရပါလိမ့်မယ်။


Password => www.moenyothar.com


Monday, January 30, 2017

ငှက်ပျောဖူး ဟင်း ချက်ပြုတ်နည်း

ငှက်ပျောဖူးဟင်း

Banana_Bub6
မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…
ပါဝင်ပစ္စည်းများ
  • ဌက်ပျောဖူး – ၁ဖူး
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီး(အေ၇ာင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငပိ (စိမ်းစား) – လက်ဖက်ရည်ဇွန်း တ၀က်
  • မရမ်းပြား – ၃ပြား (ရေစိမ်ထားပြီ လက်ဖြင့် ဖြစ်ပေးပါ)
Banana_Bub1
ချက်နည်း
၁။ အရင်ဆုံး ဌက်ပျောဖူးကို ရင့်တဲ့ အပိုင်းနဲ့ အဖြူရောင်အတံများကို ဖယ်ပေးပါ။ ကျန်တဲ့ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)။ ဌက်ဖျောဖူးများ မမဲသွားစေရန် ဖြစ်သည်။ ချက်ခါနီး ဆနွင်းအရည်များသွန်ပြီ အရည်စစ်ပြီမှ ထည့်ပါ။
Banana_Bub2
Banana_Bub3
Banana_Bub2
Banana_Bub3
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ။ ကြက်သွန်နီ ဆီသပ်ပေးပါ။
၃။ ပြီမှ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ပုဇွန်ခြောက်မှုန့်၊ ဌက်ပျောဖူးများ ထည့်ပြီ ၁မိနစ်ခန့် လုံးချက်ပေးပါ။
Banana_Bub4
Banana_Bub4
၎။ ပြီနောက် ရေ(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်၊ ငပိ၊ မရမ်းပြားရည်တို့ကို ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
Banana_Bub5
Banana_Bub5
၅။ ဆီပြန်လျှင် အရသာကောင်းမွန်သော ဌက်ပျောဖူး ဟင်းလျာကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
Banana_Bub6

Credit To =>> မဝတ်ရည် http://www.wutyeefoodhouse.com/

Friday, September 30, 2016

Windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း


Windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
============================================
သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင်
သင့် ကွန်ပျူ တာ ရဲ့  Hard Drive ဟာ UEFI mode သို့ မဟုတ် legacy
mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။
( ဥပမာ - ) အနေ နှင့်  “Windows cannot be installed to this disk.
The selected disk is not of the GPT partition style” Message
ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ တတ်ပါတယ်။
ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့  gpt အဖြစ်
ပြန်ပြောင်းပေး ပြီး မှ သာ Window တင် နိုင် မှာ ဖြစ် ပါတယ် ။
ပြောင်း လဲ ပုံ အဆင့်  ဆင့်  များ
အဆင့်  ( ၁ )
------------------------------
အရင်ဆုံး မိမိ ကွန်ပျူ တာ ကို restart ပြန် ချ ပါမယ်။
အဆင့်  ( ၂ )
---------------------------------
windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။
အဆင့်  ( ၃ )
--------------------------------
cmd / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။
(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။
(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။
(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )
clean ကိုရိုက်ပါ enter ခေါက်ပါ။
convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။
exit ကိုရိုက်ပြီး ထွက်လိုက်ပါ။
အဆင်ပြေ ပါ စေ



                                                 #စိုင်းသူ


Xiaomi Mi4i Miui8 Root and Myanmar Font

မင်္ဂလာပါ ကျွန်တော် ပို့စ်တွေမရေးတော့တာ တစ်နှစ်ကျော်နေပါပြီ.. တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ Xiaomi Mi4i လေး MiUi 8 ကို Update လုပ်မိပြီးတော့ မြန်မာစာမရတော့လို့ လာလုပ်ခိုင်းထားတာလေးကလိရင်း တိုင်ပတ်သွားတယ်၊ အရင်တုန်းကလည်း ကျွန်တော်ပဲ Root လုပ်ပြီး မြန်မာစာ ထည့်ပေးထားတာ Update ဖြစ်သွားတော့ အရင်သုံးနေကျ Root Tool တွေလည်း အလုပ်မလုပ်တော့ပါဘူး ဒါနဲ့ အလွယ်တကူ အဆင်ပြေမယ့် Font အစားထိုးတဲ့နည်းတွေ iFont ကနေ Themes Font လုပ်ပြီးထည့်တာတွေ အစုံပါပဲ တစ်ခုမှ အဆင်မပြေပဲ ရွာလည်နေတာနဲ့ လျှောက်မွှေလိုက်တာ နောက်ဆုံးတော့ ဒါ Tools လေးနဲ့ အဆင်ပြေသွားလို့ ကျွန်တော် ကဲ့သို့ တိုင်ပတ်သူတွေရှိရင် အလွယ်တကူ အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊....

လိုအပ်တဲ့ဖိုင်တွေကို ဒီနေရာမှာ အရင်ဒေါင်းယူလိုက်ပါ

Download From Mediafire


Download From pCloud


လိုအပ်တာတွေယူ ပြီးပြီဆိုရင် .. ဖုန်းကို Setting >> Additional Setting >> Developer Option >> USB Debugging လမ်းကြောင်းအတိုင်းသွားပြီးတော့ USB Debugging ကို On ပေးပါ.. Fastboot Mode ကလည်း On ပေးပါ၊ Developer Option ကိုမတွေ့ရင် Setting >> About Phone >> MiUi Version ကို ၇ ချက်နှိပ်ပေးလိုက်ပါ




ပြီးသွားရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ဒေါင်းယူထားသော ဖိုင်ထဲမှ Root kit ဖိုင်ကိုဖွင့်ပါ Rec.bat ကို နှစ်ချက်နှိပ်ပြီးတော့ နှိပ်လိုက်ပါ ပြီးရင်  1 ကိုနှိပ်ပြီးတော့ Enter ခေါက်ပေးလိုက်ပါ ဖုန်းမှာ Fastboot Mode ထဲရောက်သွားပြီးတော့ Root လုပ်ပေးနေပါလိမ့်မယ် ၊ Reboot ကျပြီးတော့ ပြန်တက်လာရင် ဖုန်းမှာ Super Su လေးရောက်နေတာတွေ့ရမှာ ဖြစ်ပါတယ်၊









မြန်မာစာအတွက်ကတော့ Miui8 Fontchanger နဲ့ထည့်လိုက်ပါ အားလုံးအဆင်ပြေကြပါစေဗျာ။။။




အခြား မိမိနှစ်သက်ရာ Font များကိုလည်း ထည့်သွင်းနိုင်ပါတယ်

Thursday, September 15, 2016

Asus Zenfone2 5.0 Root / Z00D






မင်္ဂလာပါ Asus Zanfone2 5.0 ကို Root လုပ်ဖို့ သူငယ်ချင်းတွေမေးနေကြလို့   အပြည့်အစုံကို ဒီကနေပဲ တင်ပေးလိုက်ပါတယ်.. သိပြီးသားသသူများဆိုရင်တော့ကျော်သွားလိုက်ပါ Root မလုပ်ခင် လိုအပ်တဲ့ ဖိုင်လေးတွေကို အရင် ဒေါင်းလိုက်ပါ၊

ADB File

Intel Driver

Root File

PASSWORD =>> moenyothar

ဒေါင်းလို့ပြီးပြီဆိုရင် adb install အရင်လုပ်ပါ၊ Y ကိုသာ နှိပ်ပြီး Enter ခေါက်သွားလိုက်ပါ၊ ပြီးရင် Intel Driver
ကို install လုပ်ပါ။ ပြီးသွားရင်တော့ ဖုန်းထဲမှာ  USB Debugging ကို On ထားလိုက်ပါ။
Note = USB Debugging ကို ဖွင့်ဖို့ Developer Options ရှာမတွေ့သူများ Setting >> about Phone >> Software information >> Build Number ကို ၇ ချက် ဆက်တိုက်နှိပ်လိုက်ပါ၊ ထွက်လာပါလိမ့်မယ်


အားလုံးပြင်ဆင် ပြီးသွားပြီဆိုရင် Root File ကို Zip ဖြေလိုက်ပါ၊ အထဲမှ UPDATE-SuperSU-v2.46  zip ဖိုင်လေးကို ဖုန်းထဲ Copy ကူးထည့်ထားလိုက်ပါ၊ ပြီးသွားရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။

ဒေါင်းလုတ် လုပ်ထားတဲ့ Root File ထဲမှ Launcher ကို Right Click ခေါက်ပြီးတော့ Run as Administrator နဲ့ ဖွင့်လိုက်ပါ၊ အောက်ပါ ပုံအတိုင်း ထွက်လာရင် ACCEPT ကိုနှိပ်ပြီးတော့ Enter ခေါက်လိုက်ပါ၊


နောက်တဆင့်မှာတော့ TWRP CWM ကြီုက်ရာရွေးနိုင်ပါတယ် ကျွန်တော်ကတော့ 1 ကိုပဲရွေးလိုက်ပါတယ်
 1 ကိုရွေးပြီးတော့ Enter ခေါက်လိုက်ပါ။


 ဒီအဆင့်မှာတော့ T1, T2, T3 အထိတစ်ဆင့်ချင်းနှိပ်သွားရမှာ ဖြစ်ပါတယ်။

အဆင့်တိုင်းမှာ failed ဖြစ်မှာပါ စိတ်မပူပါနဲ့ T1  နှိပ်မယ် Process ပြီးတဲ့အထိစောင့်ပေးပါ Press Any Key ဆိုတာနဲ့ Enter ခေါက်မယ် ပြန်ထွက်သွားတာနဲ့ T2 ကိုဆက်နှိပ်မယ် ဒီလိုပဲ သူ့ Process ပြီးသွားတာနဲ့ Press Any Key ဆိုတာနဲ့ Enter ခေါက် ပြန်ထွက်တာနဲ့ T3 ကိုထပ်နှိပ် T3 Process လည်း အောင်မြင်မှာ မဟုတ်ပါဘူး ဒါပေမဲ့ ဖုန်းထဲမှာ Twrp ကတော့ရောက်သွားမှာဖြစ်ပါတယ်.. Twrp ကနေ ကျွန်တော်တို့ စောစောက ဖုန်းထဲကို ထည့်ခဲ့တဲ့ Super Su zip ကို install လုပ်ပေးလိုက်ပါ၊ ပြီးသွားရင်တော့ Reboot System ကိုနှိပ်ပြီးတော့ Reboot လုပ်ပေးလိုက်ပါ၊ ဖုန်းပြန်ပွင့်လာတာနဲ့ Super user လေးရောက်နေတာ တွေ့ရမှာဖြစ်ပါတယ်၊ မြန်မာစာအတွက်ကတော့ မိမိ နှစ်သက်ရာ app ကိုသုံးပြီးတော့ install လုပ်ပါ။ အဆင်ပြေကြပါစေဗျာ။

Thursday, May 28, 2015

COC/Clash Of Clans Robot For Android/APK FREE








COC သမားတွေအတွက် Application ကောင်းလေးတစ်ခုပေးမယ်ဗျာ... ပို့စ်တွေမတင်ဖြစ်တာလည်း တော်တော်ကြာပါပြီ.. ဒါလေးကတော့ COC ကိုရူးသွပ်သူတွေအတွက် အသုံးဝင်မယ်ထင်လို့ ရေးပေးလိုက်တာပါ.. ဒီကောင်လေးကတော့ coc ကိုကစားဖို့ပျင်းတဲ့အခါပဲဖြစ်ဖြစ်.. မအားတဲ့အခါပဲဖြစ်ဖြစ် .. သူက auto ကစားပေးမှာဖြစ်ပါတယ်. ဒါပေမဲ့ Trial အနေနဲ့ တစ်နာရီသာ ကစားခွင့်ရပြီးတော့ အချိန်ပြည့်ကစားချင်ရင်တော့ ဝယ်ယူရမှာဖြစ်ပါတယ်.. နာရီအနည်းငယ်အတွက်ကတော့ အကောင့်အသစ်တွေ ဖွင့်ပြီးတော့ ကြိုးစားနိုင်ပါတယ်.. အကောင့်အသစ် တစ်ခါဖွင့်တိုင်း တစ်နာရီ Free ခိုင်းလို့ရပါတယ်

Dummysprit apk  ကိုအရင်ဒေါင်းယူလိုက်ပါ..

Dummysprit apk

ဒေါင်းပြီးတာနဲ့ install လုပ်ပါ (မှတ်ချက်=> Root access ရှိဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ)
ပြီးရင် apk ကိုဖွင့်ပါ.. အောက်မှာ ပုံလေးတွေနဲ့ ဆက်ပြသွားပါ့မယ်..

အေကာက်ကပုံက အတိုင်း Clash of Clans Robot ဆိုတာကို install လုပ်ပေးပါ


 
install လုပ်ပြီးရင်တော့ RUN ပါ
 

login ဝင်ဖို့ပြောပါလိမ့်မယ် Register ကိုနှိပ်ပြီးတော့ အကောင့်အရင်ဖွင့်ပါ

 အကောင့်လုပ်တာ လွယ်ပါတယ် နမူနာပြထားပါတယ် password ကို ဂဏန်းတွေချည်းပဲ ပေးတာပိုအဆင်ပြေပါတယ်..invite code ကိုတော့ 585593 ကိုထည့်ပေးပါ success ဖြစ်သွားရင် Login ဝင်ဖို့ပြောပါလိမ့်မယ် ဝင်လိုက်ပါ..

 

login ဝင်ပြီးသွားတာနဲ့ COC robot ကို Run လိုက်ပါ COC ပွင့်လာပြီးတော့.. 
 Tip တွေပြောပါလိမ့်မယ် Confirm နှိပ်ပေးလိုက်ပါ.



ပြီးပြီဆိုရင်တော့ Robot လေးစတင်အလုပ်လုပ်နေပါပြီ..
Auto Donate
Auto Train
Auto Search 
Auto Collect 
အကုန်မိမိစိတ်ကြိုက် Setting လုပ်ပြီးတော့ Start ကိုသာ နှိပ်ပေးလိုက်ပါ.. အကုန်လုံးကို သူကိုယ်တိုင် အလိုလျောက် ဆက်လက် လုပ်ပါလိမ့်မယ်.. အဆင်ပြေကြပါစေ
တစ်နာရီထက် ပိုလိုချင်ရင်တော့ ဝယ်ပါ.. မဝယ်ချင်ရင်တော့ သူငယ်ချင်း ၁၃ ယောက်ကို Invite လုပ်ပြီးတော့ Register လုပ်ခိုင်းပါ.. Register လုပ်တိုင်း မိမိ invite Code ကိုထည့်ခိုင်းပါ 260bean ရပါမယ်။။ ကျွန်တော်ပေးထားတဲ့ Code ကိုထည့်ခဲ့တဲ့အတွက်. 50bean ရပါမယ်.. စုစုပေါင်း 310Bean ရပါပြီ.. ဒါဆိုရင်တော့ Robot ကိုတစ်လစာ ဝယ်ယူလို့ရပါပြီ။မိမိအတွက် Invite Code ကိုတော့ User Profile မှာပေးထားပါတယ်






 

Sunday, April 12, 2015

ဘလော့ဆိုင်ရာစာအုပ်များစုစည်းမှု ( နှစ်သစ်အမှတ်တရလက်ဆောင် 2015 )


မင်္ဂလာပါ.... မြန်မာ နှစ်သစ်ကူး အမှတ်တရအနေနဲ့ ကျွန်တော် ရေးသားထားခဲ့သော  BLOGGING ဆိုင်ရာ နည်းပညာ စာအုပ်လေများကို  သူငယ်ချင်းများအား အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည် 
မျှဝေ တင်ပေးလိုက်ပါတယ်နော်.... ကျွန်တော် လေ့လာ ရှာဖွေ မှတ်သားမိသလောက် ဘလော့ဆိုင်ရာ
နည်းလမ်းလေးတွေကို စုစည်းတင်ပေးလိုက်တာပါ...နောက်လည်း ဘလော့နဲ့ပါတ်သက်တဲ့ နည်းပညာ အပိုင်းအစလေးတွေကို ဆက်လက် လေ့လာရေးသားနေမှာဖြစ်ပါတယ်.... အောက်မှာ ဒေါင်းယူနိုင်ပါတယ်





BLOGS မှာ POST တင်နည်း
http://pc.cd/nCh7

ဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း
http://pc.cd/twh7

Blogs မှာ LABELS  ထည့်နည်း  LINK ချိတ်နည်းအပြည့်အစုံ
http://pc.cd/zbb7

Template ဒေါင်းယူနည်း နှင့်  Template သွင်းနည်း
http://pc.cd/cxh7

BLOGSPOT ရဲ့ TEMPLATE တွေကို အလွယ်ဆုံးပြုပြင်နည်း
http://pc.cd/Mwh7

How To Invite Author & How To Accept ( Blogging )
http://pc.cd/Bwh7

BLOGS မှာအလွယ်ကူဆုံး MUSIC PLAYER ထည့်နည်း
http://pc.cd/Xlh7

How To Creat Apk For Your Website 0r Blogs
http://pc.cd/wKh7

How To Do Your Blog Import-Export-Delete
http://pc.cd/8lh7

How To Do Your Web-Blogs Page Speed Faster
http://pc.cd/Txh7

ဘလော့ကာတစ်ယောက်အတွက် သိသင့်စရာထွေထွေရာရာ
http://pc.cd/0Kh7

ဘလော့မှာ Chat Roll အလန်းစားလေး နဲ့ ချက်ဘောက်ဖန်တီးကြမယ်
http://pc.cd/ylh7

မိမိတို့ဘလော့မှာ  Power by Blogger  ဆိုတာကိုဖြုတ်နည်း
http://pc.cd/nxh7


အားလုံး အဆင်ပြေ ကျေနပ်ကြမယ်လို့ မျှော်လင့်ရင်း

ဘလော့ခရီးသည်

Monday, March 2, 2015

Root Asus Zenfone 5 V2.21.40.44

မင်္ဂလာပါ ကျွန်တော်လည်း ပို့တွေမတင်တာကြာပါပြီ..... ဒီဖုန်းလေးကတော့တော်တော်  တိုင်ပတ်ခဲ့လို့ ကျန်တဲ့သူတွေလည်း တိုင်မပတ်ပဲ အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်တာပါ သိပြီးသားသူတွေဆိုရင်ကျော်လိုက်ပါ.. မသိသေးသောသူများကတော့ ဆက်ဖတ်ပေါ့နော. ခ်ခ်
အရင်ဗားရှင်းတွေတုန်းကတော့ bat ဖိုင်တစ်ခုကို run လိုက်ရုံနဲ့ အားလုံးကို သူ့အလိုအလျှောက် လုပ်ဆောင် သွားတာပါ.. အခု ဒီဗားရှင်းမှာတော့ အဆင်မပြေတော့ပါဘူး. ဒါကြောင့်ရှာရင်းဖွေရင်း ဒါလေးတွေ့လို့ အဆင်ပြေတာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။
ဒါကတော့ Build number T00J_ww 2.21.40.44 အတွက်ပါ လုပ်နည်းကလည်း ရိုးရှင်းပါတယ်.. သေချင်ရှင်းပြပါ့မယ်။။ လိုအပ်တာလေးတွေကို အရင်ဒေါင်းလိုက်ပါ.

ADB Fastboot Tools
https://www.mediafire.com/?m7w1rikq0axij9s


Root Zenfone5 Kitkat
https://www.mediafire.com/?kq8692sip7pf7z4



Fastboot.img
https://www.mediafire.com/?43h80rup5spp1ph


ဒေါင်းပြီးသွားပြီဆိုရင် .. ဆက်လိုက်ရအောင်.. စောစောက ဒေါင်းခဲ့တဲ့ဖိုင်တွေထဲက ADB fastboot tool ကို Folder တစ်ခုဖွင့်ပြီးတော့ ဖိုင်ဖြေထားပါ Fastboot.img ကိုလည်း  အဲဖိုင်ထဲမှာထည့်ထားလိုက်ပါ..
ပြီးရင် ဖုန်းကို USB debugging On ထားပါ. ပြီးသွားရင် ဖုန်းကို Droidboot ဝင်ရပါ့မယ် တနည်းအားဖြင့် Fastboot mode ဝင်ရမှာပါ.. Fastboot mode ဝင်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပါ ပြီးရင် Power ခလုတ်နဲ့ Volume up ကိုတွဲဖိထားပါ ခဏကြာရင် Droidboot တက်လာပါလိမ့်မယ်.. အောက်ပါပုံအတိုင်းပါ..


Droidboot တက်ပြီဆိုရင် ဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ .. စောစောက ADB ဖိုင်ဖြေထားတဲ့ Folder ကို ဖွင့်ပါ အထဲမှ Open ကို နှိပ်ပြီးတော့ Run လိုက်ပါ CMD Windows တက်လာပါလိမ့်မယ်.. CDM command တစ်ကြောင်းရိုက်ထည့်လိုက်ပါ.. fastboot flash fastboot fastboot.img ပြီးရင် Enter ကိုခေါက်လိုက်ပါ.. boot.img Flash လုပ်နေပါလိမ့်မယ်
 
 ပြီးသွားရင် ဖုန်း Reboot ကျပြီးပြန်တက်လာပါလိမ့်မယ်.. ဖုန်းပြန်တက်လာပြီဆိုရင် ဒေါင်းထားပြီးသားဖြစ်တဲ့ RootZenfone5KitKatv3-ww ကိုဖွင့်ပြီးတော့ အထဲမှာ Root-Zenfone bat ဖိုင်ကို Run ပြီးတော့ Enter ခေါက်ပေးလိုက်ပါ.. အလိုအလျှောက် လုပ်ဆောင်သွားပါလိမ့်မယ်.. ခဏစောင့်နေလိုက်ပါ Reboot 5 ခါကျပြီးဖုန်းပြန်ပွင့်လာတဲ့အခါ  CMD မှာ All done, enjoy your ROOTED ZenFone 5 :) ပေါ်လာရင် Root လို့ပြီးပါပြီ..
 
 သင့်ဖုန်းမှာ SuperSu လေးရောက်နေတာကိုတွေ့ပါလိမ့်မယ်.. နောက်တစ်ဆင့်အနေနဲ့ လုပ်စရာ တစ်ခုကတော့ RootZenfone5KitKatv3-ww ဖိုင်ထဲက EnterShell bat ဖိုင်ကို run လိုက်ပါ ပြီးရင် su လို့ရေးပြီး Enter ခေါက်လိုက်ပါ
 

ဖုန်းမှာ Superuser pomp တက်လာပါလိမ့်မယ်.  Grant ကိုရွေးပေးလိုက်ရင် ပြီးပါပြီ

 

 အခုဆိုရင် Asus Zenfone 5 V2.21.40.44 ကိုအောင်မြင်စွာ Root လို့ပြီးပါပြီ အဆင်ပြေကြပါစေ..



ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (2) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (11) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (158) နိုင်ငံတကာသတင်း (2)